🙏ကပ်ကြီးငါးပါးနှင့်မြန်မာပြည်🙏
💥ကပ်ကြီးသည် ငါးပါးရှိကုန်၏။ ၎င်းငါးပါးတို့မှာ
(၁) မဟာကပ်၊
(၂) အသင်္ချေယျကပ်၊
(၃) အန္တရကပ် တွင် ကပ်ကြီး(၃ပါးထပ်ရှိ့ပါသေးသည်)
(၁) သတ္ထန္တရာယ်ကပ်၊ (စစ်ဘေး)
(၂) ဒုဗ္ဘိက္ခန္တရာယ်ကပ်၊ (အစာရေစာငတ်မှုဘေး)
(၃) ရောဂန္တရာယ်ကပ် (ရောဂါဘေး) ဟူ၍ သုံးပါးထပ်ရှိပြီး ဤကပ်သုံးပါးကို ကပ်ဆိုးကြီး သုံးပါးဟူ၍ ဆိုသည်။
😥ယနေ့မြန်မာပြည်မှာ နံပတ် ၁ ကပ်နှင့် ၃ ကပ် လက်ရှိ့ ကျုံနေရပါသည်
(၄) အာယုကပ်၊
(၅) အန္တရာယကပ် စသဖြင့် ကပ်ကြီး ငါးပါး ဟုသိကြပါသည်။
"ကပ်"ဆိုတာဟာ...
'အတိုင်းအတာ၊အချိန်ပိုင်းတစ်ခု' (တစ်နည်း)"သတ္တဝါတွေရဲ့ ကံအားလျော်စွာ စီရင်ချင်း လို့ အဓိပ္ပာယ် ရပါတယ်။သတ္တဝါတွေမှာ တစ်ခါတစ်ခါဘေးဆိုးရန်ဆိုး၊အန္တရာယ်ဆိုး ဆိုတာတွေဟာ အတိုင်းအတာ တစ်ခုအနေနဲ့ ကြုံရတတ်တယ်။ ဒါက သတ္တဝါတွေရဲ့ ကံအားလျော်စွာ ဖြစ်တာ။
မျက်စိဖွင့် နားစွင့်ကြည့် သတ်ဖြတ်တာတွေ၊ ခိုးယူလူယက်တာတွေ၊ အဓမ္မအမှုတွေ၊အမျိုးမျိုး အနိုင်ကျင့် လှည့်စားတာတွေဟာ နေ့စဉ်လိုလို မြင်ကြားနေရတယ်။ ဒါတွေဘာကြောင့်ဖြစ်တာလဲ?
"သီလ မစောင့်ထိန်းလို့ ဖြစ်တာပါ"
🙏မြတ်စွာဘုရားရဲ့တရားတော်တွေမှာ🙏
"အကြောင်းကင်းတဲ့ အကြောင်း"ဆိုတာ မရှိသလို
"အကြောင်းကင်းတဲ့ အကျိုး"ဆိုတာလည်း မရှိဘူး။
💥လူတွေဟာ လောဘဇော. ဒေါသဇော တိုက်ပြီးညှာတာထောက်ထား ကိုယ်ချင်းစားတရား ကင်းမဲ့လာပြီ ဆိုရင် မိုးလေမမှန်တော့ဘူး။ သီးနှံစိုက်ပျိုးလို့ မရ၊ အဆီသြဇာလည်း မပြည့်ဝတော့လို့သက်တမ်းတွေ လည်း တိုလာရတယ်။
လူတွေရဲ့ စိတ်ထားနဲ့ တန်တဲ့ ကံတရားရဲ့ ဒဏ်ခက်ခြင်းလို့ ပြောရမှာပဲ။
(၁) သဘာဝတရားရဲ့ နှိပ်စက်ခြင်းခံရမယ်။
(၂) အစာရေစငတ်မွတ်ခေါင်းပါးမယ်။
(၃) သတ်ဖြတ်တာတွေ ဖြစ်လာမယ်။
(၄) ရောဂါဆိုးတွေက နှိပ်စက်မယ်။
ဒါ ကပ် ဆိုက်တာလို့ပြောတာ။
💥ဒါတွေက လွတ်ဖို့ဆိုရင်...
"မင်းက အစ ပြည်သူ အဆုံး" အားလုံး သီလလုံမှ ဖြစ်မယ်။
၁။ ပါဏာတိပါတ သိက္ခာပုဒ်ကို စောင့်ထိန်းရင်
သတ်ဖြတ်ညှင်းဆဲတဲ့
'သတ်ထန်တရ'ကပျဆိုးကွီးကို
ကာကွယ်ရာရောက်တယ်။
၂။ အဒိန္နာဒါန သိက္ခာပုဒ်ကို စောင့်ထိန်းရင်ငတ်မွတ်
ခေါင်ပါးတဲ့
'ဒုဗ္ဘိက္ခန္တရ'ကပ်ဆိုးကြီးကို
ကာကွယ်ရာရောက်တယ်။
၃။ ကာမသေုမိစ်ဆာ ၊
မုသာဝါဒ၊သုရာမရေယ
သိက္ခာပုဒ် သုံးပါးကို စောင့်ထိန်းရင်
အနာရောဂါနှိပ်စက်တဲ့
'ရောဂန္တရ'ကပ်ဆိုးကြီးကို
ကာကွယ်ရာရောက်တယ်။
💥ယနေ့မြန်မာပြည်မှာ အန္တရကပ်မှ
သတ္ထန္တရာယ်ကပ်၊ (ဓါး,လှံ လက်နက်ဘေး စစ်ဘေး)
ရောဂန္တရာယ်ကပ် (အနာရောဂါဘေး) ကျုံတွေ့နေရပါပြီ
ဒုဗ္ဘိက္ခန္တရာယ်ကပ်၊ (ဆန်ရေဆန်ပါးရှားဘေး ငတ်မွတ်ခေါင်းပါးဘေး)
တော့မလာသေးပါ ဖြစ်လာဖို့ရှိ့နေပါတယ်, အခု ဗီဇပြောင်းကိုးဗစ် တတိယလှိုင်း
အိမ်နီးချင်းနိုင်ငံတွေမှစတင်ဖြစ်ပွားနေပါပြီ တကယ်လို့များ မြန်မာပြည်ထဲ၀င်လာပြီဆို ကျွန်တော် တို့ နိုင်ငံဟာ
ရစရာရှိ့တော့မှာမဟုတ်ပါ။ လက်ရှိ့ ဖြစ်ပျက်နေတာတွေကို သုံးသတ်ဆင်ခြင်ဖို့အချိန်ရောက်နေပါပြီလို့မေ့တ္တာရပ်ခံပါရစေ။ ဘာသာခြားများဦးဆောင်မှုနောက်ကိုလိုက်နေကြပြီး မိမိဘာသာအဆုံးအမတွေကို မေ့နေကြတာ သတိပြုကြ
စေချင်ပါတယ်ခင်ဗျာ။
မေ့တ္တာစိတ်များမွေးနိုင်ကြပါစေ၊
ကံကံ၏အကျိုးကို ခွဲခြားနားလည်နိုင်ကြပါစေ၊
ဘယ်သူမပြု မိမိအမှု ပါ၊
ပြုသူအသစ်ဖြစ်သူအဟောင်း
အတိတ်ကံများ မည်သူမှ မလွန်ဆန်နိုင်ပါ ပြန်ခံရမည်သာ။
📑အလင်းရောင်📑
ကိုးကား :: Words of buddha